16 Sep 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည် ကျန်းမာစွာဖြင့် နေပြည်တော်ရှိ အဖွဲ့ချုပ်ရုံးသို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ရှိ အဖွဲ့ချုပ်ရုံးတွင် ကျန်းမာစွာရုံးတက်လျက်ရှိကြောင်း အဖွဲ့ချုပ်မှ အဖွဲ့ဝင် ဦးကြည်တိုး၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားချက်အရသိရသည်။
စက်တင်ဘာ ၁၄ရက် နေပြည်တော်ရှိ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး၏ ကိုယ်ရေးအရာရှိတွင် Covid 19 ပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း သမ္မတရုံး အရာထမ်းတစ်ဦးတွင် covid 19 ရောဂါပိုးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ပြီးနောက် အသွားအလာ အကန့်အသတ်ဖြင့် နေထိုင်ရသည့် အစိုးရဝန်ထမ်းများ ရှိခဲ့ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။