လိုအပ်ချက်ကြောင့် အမြန်တည်ဆောက်နေတဲ့ သုဝဏ္ဍမြက်ခင်းတု အားကစားကွင်းရှိ ယာယီ Quarantine Center

16 Sep 2020

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဍမြက်ခင်းတု အားကစားကွင်း၌ ကုတင် ၂၀၀ ထားရှိနိုင်မည့် ယာယီ Quarantine Center တခုအား စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး လိုအပ်ချက်များကြောင့် ကုတင် ၅၅၀ ထပ်မံတိုးချဲ့ ဆောက်လုပ်လျက်ရှိသည်။ အဆိုပါ Quarantine Center ၌ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုကိစ္စများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနမှ ဆောင်ရွက်မည်ဖြစ်ကာ နေထိုင်ရေးနှင့် နေ့စဉ်အစားအသောက် ကုန်ကျစရိတ်များအား ဧရာဝတီဖောင်ဒေးရှင်းမှ ကျခံပေးမည် ဖြစ်သည်။

ထို့ပြင် လာရောက် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်များ၏ နေထိုင်စားသောက်ရေး ကိစ္စများကိုလည်း ဧရာဝတီဖောင်ဒေးရှင်းမှ စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်း Quarantine Center အား ယခုလာမည့် တနင်္ဂနွေတွင် အပြီးသတ်ဆောက်လုပ်မည်ဖြစ်ပြီး လာမည့်ရက်သတ္တပတ်မှ စတင်အသုံးပြုနိုင်မည်ဟုလည်း သိရသည်။

ဓာတ်ပုံ - မျိုးမင်းစိုး/ဧရာဝတီ