Kaung Myat Thu

ကျွန်တော့်ရဲ့  နာမည်ကတော့ ကောင်းမြတ်သူပါ။ ကျွန်တော်ကတော့ Shwe FM ရဲ့ အစီအစဉ်ကောင်းများစွာထဲက တစ်ခုဖြစ်တဲ့ သီချင်းလေးတွေကို ဇာတ်လမ်းတစ်ပုဒ် အဖြစ် ပုံဖော်တင်ဆက်နေတဲ့ ချစ်ခြင်းသံစဉ်တေးပုံပြင် အစီအစဉ်အတွက် စာမူများကို ဝါသနာအရ ကြိုးစားပြီး ရေးသားနေပါတယ်ခင်ဗျာ။ တစ်ခါတရံ အသံနဲ့ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ပါတယ်ဗျ။ သီချင်းဇာတ်လမ်းလေးတွေကို နှစ်သက်စွာ အားပေးနားဆင်ကြတဲ့ သောတရှင်များအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ရွှေတို့နှစ်သက်စွာ တောင်းလိုလားတဲ့ တေးသီချင်းများကို ထုတ်လွှင့်ပေးနေတဲ့ ရွှေတို့လိုရာတေးစေလွှာ အစီအဉ်မှာလည်း အသံနဲ့ ပါဝင်တင်ဆက်နေပါတယ်ခင်ဗျာ။ ဆက်လက်ပြီး အားပေးနားဆင်ပေးပါဦးနော်။

အမည်
ကောင်းမြတ်သူ

လူမျိုး
ဗမာ

ကိုးကွယ်သည့်ဘာသာ
ဗုဒ္ဓဘာသာ

Shwe FM စတင်ဝင်ရောက်သည့်နေ့
၂၅.၁.၂၀၁၆